Decent Work and Economic Growth

Closed on: May 23rd 2023
- 3 years ago -

Proximity Designs is hiring a

Territory Sales Incharge

🇲🇲 Thayarwady, MM 📝 FULL-TIME 🎯 MID LEVEL

ရေတံခွန်အဖွဲ့မှ တောင်သူများထံသို့ ထိရောက်သော ဝန်ဆောင်မူများ ပေးနိင်ရန်အတွက် အဖွဲ့စည်းမှ ချမှတ်ထားသော နည်းဗျူဟာများနှင့် အညီ ရည်မှန်းချက်များပြည့်မှီရန်နှင့် ပိုမိုထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန် အောက်မြန်မာပြည် သာယာဝတီရုံးခွဲတွင်  အရောင်းကိုယ်စားလှယ်များအား စီမံခန့်ခွဲရန်အတွက်  Territory Sales Incharge (၁) ဦးအား ခန့်ထားရန်ရှိပါသည်။

လုပ်ငန်းတာဝန်များ

  • အ‌ရောင်းဝန်ထမ်းများကို ကြီးကြပ်ရန်နှင့် လေ့ကျင့် သင်ကြားပေးခြင်း။
  • အရောင်းပိုင်းဆိုင်ရာ အစည်းအဝေးပွဲများ သရုပ်ပြပုံနှင့် Promotion များ ဦးဆောင်စုစည်းပြုလုပ်ပေးခြင်း။
  • ရေတံခွန်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုအားလုံးအတွက် အရောင်းကိုယ်စားလှယ်များအားစီမံခန့်ခွဲခြင်း။
  • သတ်မှတ်ထားသောနယ်မြေများတွင်အရောင်းရည်မှန်းချက်များပြည့်မှီရန်အတွက် Sales Plan များ ချမှတ်ရေးဆွဲခြင်း။
  • DQ အရောင်းပိုင်းဆိုင်ရာရေးသားမှုများ ကူညီပေးခြင်း။
  • အလားအလာရှိသောတောင်သူများနှင့် တွေ့ဆုံ၍ ၄င်းတို့၏ လိုအပ်ချက်များကို ရှာဖွေကူညီခြင်းနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ခြင်း။
  • အရောင်းဝန်ထမ်းများ၏နေ့စဉ်၊ အပတ်စဉ်၊ လစဉ် လုပ်ဆောင်ပြီးစီးမှုရလဒ်များအပေါ် သုံးသပ်၍ အသိအမှတ်ပြုခြင်း၊ Feedback ပေးခြင်း၊ Coaching ‌ပေးခြင်းများကို ပုံမှန် စနစ်တကျ လုပ်ဆောင်ပြီး ရလဒ်များ တိုးတက်အောင်ဆောင်ရွက်ပေးခြင်း။
  • Head of Territory အား စျေးကွက် သတင်းအချက်အလက်များ၊ အလားအလာရှိသော နယ်မြေ အချက်အလက်များနှင့် သုတေသနဆိုင်ရာ အချက်အလက်များကို Report နှင့် Feedback များပေးခြင်း။
  • မိမိဌာနခွဲရှိ အရောင်းအဖွဲ့၏ Quarterly နှင့် Annual Targets များရေးသားမှုများ ပါဝင်ဆောင်ရွက်ခြင်း ။
  • မိမိဌာနခွဲရှိ အရောင်းအဖွဲ့၏ ခရီးသွားခွင့် TA/DA များ စီမံခန့်ခွဲခြင်း။
  • Agronomy, Marketing, Finance, Data and Digital, People Operations, Internal Audit အစရှိသော ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
  • ရုံးတွင်းပြင်ပ စိုက်ပျိုးရေးနှင့် ပတ်သက်သော အဖွဲ့အစည်းများနှင့် အဆက်မပြတ် ဆက်သွယ်ဆောင်ရွက်ခြင်း။

လိုအပ်သော အရည်အချင်းများ

  • အဖွဲ့အစည်း စိတ်ဓာတ်ရှိသူ၊ မိမိကိုယ်ကို ဉီးဆောင်နိုင်သူ။

  • အရောင်းပိုင်းတွင် အတွေ့အကြုံရှိပြီး အရောင်းနှင့် ပတ်သက်၍ စိတ်အားထက်သန်သူ။

  • အစဉ်မပြတ်ပြောင်းလဲနေသော တောင်သူများ၏ အမူအကျင့်များကို လေ့လာသုံးသပ်နိင်သူ။

  • တောင်သူများနှင့် လျင်မြန်စွာ ဆက်ဆံရေး တည်ဆောက်နိင်သူ။

  • အရောင်းကိုယ်စားလှယ်များနှင့် ကွင်းဆင်း နည်းပြပေးနိုင်သူ။

  • ထိရောက်သော အရောင်းကုန်ကျစရိတ်များကို စီမံခန့်ခွဲနိုင်သူ။

  • Target အားပြည့်မှီအောင်ဆောင်ရွက်နိုင်သူ။

  • ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ခြင်းနှင့် ဈေးကွက်ရှာဖွေနိုင်ခြင်း စွမ်းရည်ရှိသူ။

  • Digital literacy အားကောင်းသူ။

  • အဂ်လိပ်စာ အသင့်အတင့်ကောင်းမွန်သူ။

  • အဖွဲ့အစည်း၏ လိုအပ်ချက်အရ တာဝန်ချရာနေရာအား ပြောင်းရွှေ့နိုင်သူ။

သင်ရရှိနိင်မည့် အခွင့်အလမ်းများ

သင့်အနေဖြင့် မြင့်မားသောလစာ ခံစားခွင့်ရရှိရုံသာမက ကျန်းမာရေးဆိုင်ရာခံစားခွင့်များနှင့် သင့်လုပ်ငန်းစွမ်းရည် တိုးတက်စေနိုင်မည့် အခြားအခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။ ထို့အပြင် လူမှုအကျိုးထိရောက်စွာ စွမ်းဆောင်နိုင်မှုအပေါ်အခြေခံသည့် Monthly Sale  Commission  လည်း ရရှိမည်သာမက ရှေ့သို့ဦးတည်စဉ်းစား တွေးခေါ်သူများ နှင့် ကောင်းမွန်သော လုပ်ငန်းခွင် မှာ အလုပ်လုပ်ရမည်ဖြစ်ပြီး Proximity School မှတစ်ဆင့် ကမ္ဘာ့အဆင့်မီ ပညာရပ်များကို လေ့လာသင်ကြားခွင့်လည်း ရရှိပါမည်။  သင့်အနေဖြင့် သင့်တာဝန်ဝတ္တရားများကို လုပ်ဆောင်လျက်ပင် မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများအတွက်  ပိုမိုကောင်းမွန်သည့် လူမှုဘဝပုံစံကို ပြောင်းလဲပေးသူတစ်ဦးဖြစ်နိုင်သည့် အခွင့်အလမ်း လည်း ရရှိမည် ဖြစ်ပါသည်။

Proximity Designs အကြောင်း

Proximity Designs သည် ကမ္ဘာလုံးဆိုင်ရာအရေးကြီးသောပြဿနာများဖြစ်သည့် ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ တန်းတူညီမျှ မရှိမှု နှင့် နိုင်ငံရေးပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။ ကျေးလက်နေပြည်သူ ထောင်ပေါင်းများစွာတို့အား ၎င်းတို့၏ မြေဆီလွှာကို ပြုစုစောင့်ရှောက် ထိန်းသိမ်းကြရန်၊ အစားအစာ ပိုမိုစိုက်ပျိုးရန်၊ ဝင်ငွေ ပိုကောင်းလာစေရန်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ လိုက်လျောညီထွေနေထိုင် တည်ဆောက်တက်ရန် ကူညီခြင်းဖြင့် ၎င်းပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့က လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည်လယ်သမားမိသားစု များကို ပိုမိုအကျိုးဖြစ်ထွန်းစေ၍ အမြတ်အစွန်း ပိုရလာစေပြီး  သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေမည့် လိုအပ်သော ထုတ်ကုန်များနှင့် ဝန် ဆောင်မှုများကို ဒီဇိုင်းဆွဲကာ လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့၏ ဝင်ငွေနည်းသော တောင်သူလယ်သမား သုံးစွဲသူများအား အသေးစား ရေသွင်း စိုက်ပျိုးရေး နည်းစနစ်များ၊ ဇီဝမြေသြဇာများနှင့် ဇီဝပိုးသတ်ဆေးများ၊ မြေဆီလွှာကျန်းမာရေး စစ်ဆေးခြင်း ကိရိယာများ၊ ကွင်းဆင်းဆောင်ရွက်ပေးသော သီးနှံကာကွယ်ရေးဝန်ဆောင်မှုများနှင့် လယ်ယာချေးငွေများကဲ့သို့သော ငွေကြေးအကုန်အကျနည်းစေရန် တီထွင်ဆန်းသစ်ထားသည့် နည်းလမ်းကောင်းများကို လက်ဆင့်ကမ်း ပေးလျက် ရှိပါသည်။လွန်ခဲ့သည့် (၁၈) နှစ်အ တွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆင်းရဲနွမ်းပါးသော စိုက်ပျိုးရေးလုပ်ကိုင် သည့်  အိမ်ထောင်စုပေါင်း (၁.၂) သန်းအတွက် အပိုဝင်ငွေ အမေရိကန်ဒေါ်လာ (၇၈၂) သန်းကို ရှာပေးနိုင်ခဲ့ ပါသည်။ ဤသို့ဝင်ငွေတိုးလာခြင်းဖြင့် လယ်သမားများသည် ၎င်းတို့၏ ကလေးများအတွက် ပညာရေး၊ အာဟာရပြည့်ဝသော အစားအစာ၊ ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၎င်းတို့၏ လယ်ယာ (သို့မဟုတ်) အခြားကျေးရွာစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ နိုင်ပါသည်။

လျှောက်ထားရန်-

မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို Apply တွင်နှိပ်၍ ပေးပို့လျောက်ထားနိုင်ပါတယ်။

Proximity သည် လုပ်ငန်းခွင်အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ အကာအကွယ်ပေးခြင်း၊ ကလေးငယ်များအား အကာအကွယ်ပေးခြင်း၊ နှောင့်ယှက်ခြင်းကင်းသော လုပ်ငန်းခွင်၊ ဘဏ္ဍာရေးဆိုင်ရာ သမာသမတ်ရှိမှုနှင့် အခြားများစွာသော အခြားအကျိုးခံစားခွင့်ဆိုင်ရာ မူဝါဒများကို ချမှတ် ကျင့်သုံးသော အဖွဲ့အစည်းဖြစ်ပါသည်။

Proximity သည် လျှောက်ထားသူအားလုံး၏ လူမျိုး၊ လိင်၊ အရောင်အသွေး၊ နိုင်ငံသားဇစ်မြစ်၊ လိင်စိတ်ခံယူမှု၊ အသက်၊ အိမ်ထောင်ရေး အခြေအနေ၊ မသန်စွမ်းမှုတို့နှင့် မသက်ဆိုင်ဘဲ လျှောက်ထားသူအားလုံးကို တန်းတူညီမျှ ထည့်သွင်းစဉ်းစားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။


Proximity Designs

Proximity Designs proximitydesigns.org

Proximity Designs is a social business in Myanmar. We design and deliver affordable, income-boosting products that complement the entrepreneurial spirit of rural families.

🏷 Details

Posted on
April 7th 2023
Closing on
May 23rd 2023
Department
Sales (Direct)
Experience
MID-LEVEL
Type
FULL-TIME

📢 Share job