Decent Work and Economic Growth

Closed on: January 15th 2024
- 2 years ago -

Proximity Designs is hiring a

Field Operations Associate

💼 Hybrid 🇲🇲 Einme, MM 📝 FULL-TIME 🎯 ENTRY LEVEL

ရေတံခွန်ရုံးခွဲများထဲမှ တစ်ခုဖြစ်သည့်  အိမ်မဲမြို့နယ်တွင် Field Operations Associate ရာထူး (၁) နေရာအား ခေါ်ယူလျက်ရှိပြီး အိမ်မဲမြို့နယ်ရုံး၏ ငွေစာရင်းများကိုထိန်းသိမ်းခြင်း၊ ကွင်းဆင်းဝန်ထမ်းများ၏ ခရီးစဉ်များအတွက် အသုံးစရိတ်များနေ့စဉ် စစ်ဆေး အတည်ပြုပေးခြင်း၊ အရောင်းဝင်ငွေ ဆိုင်ရာကိစ္စရပ်များနှင့် လစဉ်ဘက်ဂျက်စာရင်းများကိုရေးဆွဲပေးခြင်းတို့ကို သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ပေးရမည်။

လုပ်ငန်းတာဝန်များ

  • မြို့နယ်ရုံးခွဲများတွင် ရောင်းချနေသည့် ထုတ်ကုန်များ ထိန်းသိမ်းခြင်း ၊ ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက် နှင့် အရည်အသွေးကောင်းမွန်မှု ရှိ/ မရှိ သက်ဆိုင်ရာ ဌာနများပူးပေါင်းပြီး လစဉ်စစ်ဆေးခြင်း။
  • ရောင်းချနေသည့် ထုတ်ကုန်များ ပြတ်လပ်မှု မရှိစေရန် အပတ်စဉ် စစ်ဆေးပြီး  အချိန်မှီ ကုန်ပစ္စည်းမှာယူမှုများကို Supply Chain Team နှင့် ချိတ်ဆက်ပြီး  အတူတကွဆောင်ရွက်ရမည်။
  • မြို့နယ်ရုံးခွဲများတွင် ရောင်းချနေသည့် ထုတ်ကုန်များအား အရောင်းဝန်ထမ်းများထံ အမှားအယွင်း မရှိ စေရန် စီစစ်ထုတ်ပေးခြင်း ၊ စစ်ဆေး လက်ခံခြင်း များ ပြုလုပ်ပြီး သက်ဆိုင်ရာ Zoho app & bin card တွင် မှန်ကန်စွာ စာရင်းဖြည့်သွင်းပေးရမည်။
  • ကွင်းဆင်းဝန်ထမ်းထံမှရရှိလာသောဒေတာများကို ကွန်ပျုတာဖြင့်စာရင်းသွင်းခြင်း၊ စစ်ဆေးခြင်းများပြုလုပ်ရမည်။
  • အဖွဲ့အစည်းမှ ချမှတ်ထားသည့် Inventory Management SOP အား တိကျစွာ လိုက်နာ လုပ်ဆောင်ရမည်။
  • လုပ်ငန်းလိုအပ်ချက်အရ သက်ဆိုင်ရာမြို့နယ်ရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန်။

လိုအပ်သော အရည်အချင်းများ

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ
  • လုပ်ငန်းအတွေ့ကြုံ အနည်းဆုံး ၁နှစ်ရှိသူ
  • ငွေစာရင်းပိုင်းဆိုင်ရာအတွေ့အကြုံရှိသူ
  • အဖွဲ့အစည်းစိတ်ဓာတ်ရှိသူ၊ မိမိကို မိမိ ဦးဆောင်နိင်သူ
  • စဉ်ဆက်မပြတ် သင်ယူလေ့လာလိုစိတ်ရှိသူ
  • Microsoft Office (Word, Excel, Powerpoint) အကျွမ်းတဝင်သုံးနိင်သူ
  • အင်္ဂလိပ်စာ အသင့်အတင့် ကောင်းမွန်သူ

သင်ရရှိနိင်မည့် အခွင့်အလမ်းများ

သင့်အနေဖြင့် မြင့်မားသောလစာ ခံစားခွင့်ရရှိရုံသာမက ကျန်းမာရေးဆိုင်ရာခံစားခွင့်များနှင့် သင့်လုပ်ငန်းစွမ်းရည် တိုးတက်စေနိုင်မည့် အခြားအခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။ ထို့အပြင် ရှေ့သို့ဦးတည်စဉ်းစား တွေးခေါ်သူများနှင့် ကောင်းမွန်သော လုပ်ငန်းခွင်မှာ အလုပ်လုပ်ရမည်ဖြစ်ပြီး Proximity School မှတစ်ဆင့် ကမ္ဘာ့အဆင့်မီ ပညာရပ်များကို လေ့လာသင်ကြားခွင့်လည်း ရရှိပါမည်။  သင့်အနေဖြင့် သင့်တာဝန်ဝတ္တရားများကို လုပ်ဆောင်လျက်ပင် မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများအတွက်  ပိုမိုကောင်းမွန်သည့် လူမှုဘဝပုံစံကို ပြောင်းလဲပေးသူတစ်ဦးဖြစ်နိုင်သည့် အခွင့်အလမ်းလည်း ရရှိမည် ဖြစ်ပါသည်။

Proximity Designs အကြောင်း

Proximity Designs သည် ကမ္ဘာလုံးဆိုင်ရာအရေးကြီးသောပြဿနာများဖြစ်သည့် ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ တန်းတူညီမျှ မရှိမှု နှင့် နိုင်ငံရေးပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။ ကျေးလက်နေပြည်သူ ထောင်ပေါင်းများစွာတို့အား ၎င်းတို့၏ မြေဆီလွှာကို ပြုစုစောင့်ရှောက် ထိန်းသိမ်းကြရန်၊ အစားအစာ ပိုမိုစိုက်ပျိုးရန်၊ ဝင်ငွေ ပိုကောင်းလာစေရန်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ လိုက်လျောညီထွေနေထိုင် တည်ဆောက်တက်ရန် ကူညီခြင်းဖြင့် ၎င်းပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့က လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် လယ်သမားမိသားစုများကို ပိုမိုအကျိုးဖြစ်ထွန်းစေ၍ အမြတ်အစွန်း ပိုရလာစေပြီး  သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေမည့် လိုအပ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဒီဇိုင်းဆွဲကာ လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့၏ ဝင်ငွေနည်းသော တောင်သူလယ်သမား သုံးစွဲသူများအား အသေးစား ရေသွင်း စိုက်ပျိုးရေး နည်းစနစ်များ၊ ဇီဝမြေသြဇာများနှင့် ဇီဝပိုးသတ်ဆေးများ၊ မြေဆီလွှာကျန်းမာရေး စစ်ဆေးခြင်း ကိရိယာများ၊ ကွင်းဆင်းဆောင်ရွက်ပေးသော သီးနှံကာကွယ်ရေးဝန်ဆောင်မှုများနှင့် လယ်ယာချေးငွေများကဲ့သို့သော ငွေကြေးအကုန်အကျနည်းစေရန် တီထွင်ဆန်းသစ်ထားသည့် နည်းလမ်းကောင်းများကို လက်ဆင့်ကမ်း ပေးလျက်ရှိပါသည်။ လွန်ခဲ့သည့် (၁၈) နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆင်းရဲနွမ်းပါးသော စိုက်ပျိုးရေးလုပ်ကိုင်သည့်  အိမ်ထောင်စုပေါင်း (၁.၂) သန်းအတွက် အပိုဝင်ငွေ အမေရိကန်ဒေါ်လာ (၇၈၂) သန်းကို ရှာပေးနိုင်ခဲ့ ပါသည်။ ဤသို့ဝင်ငွေတိုးလာခြင်းဖြင့် လယ်သမားများသည် ၎င်းတို့၏ ကလေးများအတွက် ပညာရေး၊ အာဟာရပြည့်ဝသော အစားအစာ၊ ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၎င်းတို့၏ လယ်ယာ (သို့မဟုတ်) အခြားကျေးရွာစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ နိုင်ပါသည်။

လျှောက်ထားရန်**-**

မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို Apply တွင်နှိပ်၍ ပေးပို့လျှောက်ထားနိုင်ပါတယ်။

Proximity သည် လုပ်ငန်းခွင်အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ အကာအကွယ်ပေးခြင်း၊ ကလေးငယ်များအား အကာအကွယ်ပေးခြင်း၊ နှောင့်ယှက်ခြင်းကင်းသော လုပ်ငန်းခွင်၊ ဘဏ္ဍာရေးဆိုင်ရာ သမာသမတ်ရှိမှုနှင့် အခြားများစွာသော အခြားအကျိုးခံစားခွင့်ဆိုင်ရာ မူဝါဒများကို ချမှတ် ကျင့်သုံးသော အဖွဲ့အစည်းဖြစ်ပါသည်။

Proximity သည် လျှောက်ထားသူအားလုံး၏ လူမျိုး၊ လိင်၊ အရောင်အသွေး၊ နိုင်ငံသားဇစ်မြစ်၊ လိင်စိတ်ခံယူမှု၊ အသက်၊ အိမ်ထောင်ရေး အခြေအနေ၊ မသန်စွမ်းမှုတို့နှင့် မသက်ဆိုင်ဘဲ လျှောက်ထားသူအားလုံးကို တန်းတူညီမျှ ထည့်သွင်းစဉ်းစားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။

Proximity အနေဖြင့် ပဏာမရွေးချယ်ခံရသူများကိုသာ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။


Proximity Designs

Proximity Designs proximitydesigns.org

Proximity Designs is a social business in Myanmar. We design and deliver affordable, income-boosting products that complement the entrepreneurial spirit of rural families.

🏷 Details

Posted on
November 16th 2023
Closing on
January 15th 2024
Department
Sales (Direct)
Experience
ENTRY-LEVEL
Type
FULL-TIME
Workplace
HYBRID

📢 Share job