Decent Work and Economic Growth

Closed on: January 26th 2025
- 2 years ago -

Proximity Designs is hiring an

Assistant Shipping In-charge

🇲🇲 ဒဂုံမြို့သစ်ဆိပ်ကမ်း, MM 📝 FULL-TIME 🎯 ENTRY LEVEL

Assistant Shipping In-charge တစ်ယောက်အနေဖြင့် သင်သည် Supply Chain Team ၏ တစိတ်တပိုင်းဖြစ်သော Logistics Team တွင် လုပ်ဆောင်ရမည်ဖြစ်ပြီး  နယ်ရုံးခွဲများ၊ အရောင်းဆိုင်များနှင့် တောင်သူများလိုအပ်သော ထုတ်ကုန်များ အချိန်မီပို့ဆောင်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။ Supplier များမှ အသုံးပြုသူများအထိ ကုန်ပစ္စည်းများ သယ်ယူခြင်းနှင့် ပို့ဆောင်ခြင်းများကို Supply Chain Team နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်သောကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ကာ ပြင်ပ Logistics Service Providers များနှင့် ဆွေးနွေးညှိနှိုင်းနိုင်ပြီး  ကျွန်ုပ်တို့နှင့်အတူ တိုးတက်ရန် ဆန္ဒရှိသောသူတစ်ဦးကို ရှာဖွေနေပါသည်။

လုပ်ငန်းတာဝန်များ

  • ကုန်ပစ္စည်းပို့ဆောင်မှုအတွက် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ကာ ကုန်ပစ္စည်းပို့ဆောင်မှုနှင့် ပတ်သတ်သော အသေးစိတ်အချက်အလက်များအတွက် Store Keeper**/** Logistics Coordinator တို့နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း။
  • Shipping In-Charge နှင့်အတူ ကုန်ပစ္စည်းပို့လမ်းကြောင်း ရေးဆွဲကာ ကုန်ပစ္စည်းပို့ဆောင်/ သယ်ယူမှု ကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ပြီး Shipping In-Charge ထံမှ ထုတ်ယူခြင်း။
  • ကုန်ပစ္စည်းပို့ဆောင်ရာတွင် အသုံးပြုသော ယာဥ်များအတွက် Third Party Logistics များနှင့် ချိတ်ဆက်‌ဆောင်ရွက်ခြင်း။
  • ကုန်ပစ္စည်း တင်ဆောင်ခြင်းနှင့် သယ်ချခြင်းများတွင် အစီအစဉ်တကျဖြစ်စေရန် Store Keeper အပါအဝင် သက်ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
  • ကုန်ပစ္စည်းပို့ဆောင်ရာတွင် သတ်မှတ်ထားသော စည်ကမ်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း။
  • အဝေးပြေးကားဂိတ်များတွင် ကုန်ပစ္စည်းပို့ဆောင်/ သယ်ယူမှုအတွက် ကျသင့်သော တန်ဆာခများကို စျေးနှုန်းညှိနှုိင်းရှင်းလင်းပေးခြင်း နှင့် ဘောက်ချာပါ အချက်အလက်များအား သေချာစွာ စစ်ဆေးယူဆောင်ခြင်း။
  • နယ်ဘက်မှ ပြန်လည်ပို့ဆောင်လိုက်သော RTU/ Transfer ကုန်ပစ္စည်းများအား ကားဂိတ်များမှ စက်ရုံသို့ ပြန်လည်သယ်ယူကာ Shipping In-Charge၊ Logistics Coordinators၊ Finished Warehouse Store Keeper များနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း။
  • နေ့ချင်းရောက်ရှိနိုင်သော ကုန်ပစ္စည်းပို့ဆောင်မှုများကို ကုန်ပစ္စည်းလက်ခံသူများထံသို့ ပစ္စည်းပို့ဆောင်ပြီးသည်နှင့် တပြိုင်နက် ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခြင်း။
  • အရောင်းဆိုင်များသို့ ပို့ဆောင်လိုက်သော ကုန်ပစ္စည်းပို့ဆောင်မှု အသေးစိတ် အချက်အလက်များကို Dealer Account Manager များထံသို့ ပစ္စည်းပို့ဆောင်ပြီး နောက်တစ်ရက်တွင် ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခြင်း။
  • ကုန်ပစ္စည်းပို့‌ဆောင်ပြီး နောက်တစ်ရက်တွင်  ကုန်ကျစားရိတ်ဘောက်ချာများကို စစ်ဆေးခြင်း နှင့် ပိုငွေ/ လိုငွေများကို Shipping In-Charge နှင့် စာရင်းပြန်လည် ရှင်းလင်းခြင်း။
  • ကုန်ကျစားရိတ်ဘောက်ချာများအား စနစ်တကျသိမ်းဆည်းကာ ကုန်ကျစရိတ်များကို Shipping In-Charge မှ Finance Team  သို့ ပြန်လည်ရှင်းလင်းခြင်း လုပ်ငန်းစဥ်တွင် ပံ့ပိုးဆောင်ရွက်ခြင်း။
  • Logistics Team ၊ Supply Chain Team တစ်ခုလုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း။

လိုအပ်သောအရည်အချင်းများ

  • တက္ကသိုလ်တခုခုမှဘွဲ့ရရှိပြီးသူ။
  • သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (၁) နှစ်ခန့်ရှိသူ။
  • မိမိကိုယ် မိမိ ဦးဆောင်နိုင်ပြီး စဉ်ဆက်မပြတ် သင်ယူလေ့လာလိုစိတ်ရှိသူ။
  • အဖွဲ့အစည်းစိတ်ဓာတ်ရှိပြီး အသင်းအဖွဲ့တွင် ပံ့ပိုးမှုအားကောင်းစွာ ဆောင်ရွက်နိုင်သူ။
  • Communication အားကောင်းသူ။

သင်ရရှိနိင်မည့် အခွင့်အလမ်းများ

သင့်အနေဖြင့် မြင့်မားသောလစာ ခံစားခွင့်ရရှိရုံသာမက ကျန်းမာရေးဆိုင်ရာခံစားခွင့်များနှင့် သင့်လုပ်ငန်းစွမ်းရည် တိုးတက်စေနိုင်မည့် အခြားအခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။ ထို့အပြင် ရှေ့သို့ဦးတည်စဉ်းစား တွေးခေါ်သူများနှင့် ကောင်းမွန်သော လုပ်ငန်းခွင်မှာ အလုပ်လုပ်ရမည်ဖြစ်ပြီး Proximity School မှတစ်ဆင့် ကမ္ဘာ့အဆင့်မီ ပညာရပ်များကို လေ့လာသင်ကြားခွင့်လည်း ရရှိပါမည်။  သင့်အနေဖြင့် သင့်တာဝန်ဝတ္တရားများကို လုပ်ဆောင်လျက်ပင် မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများအတွက်  ပိုမိုကောင်းမွန်သည့် လူမှုဘဝပုံစံကို ပြောင်းလဲပေးသူတစ်ဦးဖြစ်နိုင်သည့် အခွင့်အလမ်းလည်း ရရှိမည် ဖြစ်ပါသည်။

Proximity Designs အကြောင်း

Proximity Designs သည် ကမ္ဘာလုံးဆိုင်ရာအရေးကြီးသောပြဿနာများဖြစ်သည့် ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ တန်းတူညီမျှ မရှိမှု နှင့် နိုင်ငံရေးပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။ ကျေးလက်နေပြည်သူ ထောင်ပေါင်းများစွာတို့အား ၎င်းတို့၏ မြေဆီလွှာကို ပြုစုစောင့်ရှောက် ထိန်းသိမ်းကြရန်၊ အစားအစာ ပိုမိုစိုက်ပျိုးရန်၊ ဝင်ငွေ ပိုကောင်းလာစေရန်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ လိုက်လျောညီထွေနေထိုင် တည်ဆောက်တက်ရန် ကူညီခြင်းဖြင့် ၎င်းပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့က လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် လယ်သမားမိသားစုများကို ပိုမိုအကျိုးဖြစ်ထွန်းစေ၍ အမြတ်အစွန်း ပိုရလာစေပြီး  သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေမည့် လိုအပ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဒီဇိုင်းဆွဲကာ လုပ်ဆောင်ပါသည်။

ကျွန်ုပ်တို့၏ ဝင်ငွေနည်းသော တောင်သူလယ်သမား သုံးစွဲသူများအား အသေးစား ရေသွင်း စိုက်ပျိုးရေး နည်းစနစ်များ၊ ဇီဝမြေသြဇာများနှင့် ဇီဝပိုးသတ်ဆေးများ၊ မြေဆီလွှာကျန်းမာရေး စစ်ဆေးခြင်း ကိရိယာများ၊ ကွင်းဆင်းဆောင်ရွက်ပေးသော သီးနှံကာကွယ်ရေးဝန်ဆောင်မှုများနှင့် လယ်ယာချေးငွေများကဲ့သို့သော ငွေကြေးအကုန်အကျနည်းစေရန် တီထွင်ဆန်းသစ်ထားသည့် နည်းလမ်းကောင်းများကို လက်ဆင့်ကမ်း ပေးလျက်ရှိပါသည်။

လွန်ခဲ့သည့် (၂၀) နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆင်းရဲနွမ်းပါးသော စိုက်ပျိုးရေးလုပ်ကိုင်သည့်  အိမ်ထောင်စုပေါင်း (၁.၂) သန်းအတွက် အပိုဝင်ငွေ အမေရိကန်ဒေါ်လာ (၇၈၂) သန်းကို ရှာပေးနိုင်ခဲ့ ပါသည်။ ဤသို့ဝင်ငွေတိုးလာခြင်းဖြင့် လယ်သမားများသည်

၎င်းတို့၏ ကလေးများအတွက် ပညာရေး၊ အာဟာရပြည့်ဝသော အစားအစာ၊ ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၎င်းတို့၏ လယ်ယာ (သို့မဟုတ်) အခြားကျေးရွာစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ နိုင်ပါသည်။

လျှောက်ထားရန်-

မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို Apply တွင်နှိပ်၍ ပေးပို့လျှောက်ထားနိုင်ပါတယ်။

Proximity သည် လုပ်ငန်းခွင်အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ အကာအကွယ်ပေးခြင်း၊ ကလေးငယ်များအား အကာအကွယ်ပေးခြင်း၊ နှောင့်ယှက်ခြင်းကင်းသော လုပ်ငန်းခွင်၊ ဘဏ္ဍာရေးဆိုင်ရာ သမာသမတ်ရှိမှုနှင့် အခြားများစွာသော အခြားအကျိုးခံစားခွင့်ဆိုင်ရာ မူဝါဒများကို ချမှတ် ကျင့်သုံးသော အဖွဲ့အစည်းဖြစ်ပါသည်။

Proximity သည် လျှောက်ထားသူအားလုံး၏ လူမျိုး၊ လိင်၊ အရောင်အသွေး၊ နိုင်ငံသားဇစ်မြစ်၊ လိင်စိတ်ခံယူမှု၊ အသက်၊ အိမ်ထောင်ရေး အခြေအနေ၊ မသန်စွမ်းမှုတို့နှင့် မသက်ဆိုင်ဘဲ လျှောက်ထားသူအားလုံးကို တန်းတူညီမျှ ထည့်သွင်းစဉ်းစားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။

Proximity အနေဖြင့် ပဏာမရွေးချယ်ခံရသူများကိုသာ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။


Keywords

Assistant ShippingSupply ChainLogistics TeamStore KeeperShipping In-ChargeThird Party LogisticsDealer Account ManagerCommunication

Proximity Designs

Proximity Designs proximitydesigns.org

Proximity Designs is a social business in Myanmar. We design and deliver affordable, income-boosting products that complement the entrepreneurial spirit of rural families.

🏷 Details

Posted on
June 3rd 2024
Closing on
January 26th 2025
Department
Supply Chain
Experience
ENTRY-LEVEL
Type
FULL-TIME
Workplace
ONSITE

📢 Share job